စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်တွင် “နိုင်ငံတကာစာတက်မြောက်ရေးနေ့”အခမ်းအနားကျင်းပ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်ရှိ မိုးလုံ၊ လေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတက်မြောက်ရေးမြှင့်တင်စို့” အခမ်းအနားကို ကျင်းပဆောင်ရွက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊   လူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာညွှန်ကြားရေးမှူးများ စစ်ကိုင်း ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်၊ စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

      အဆိုပါအခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဝထကလသ သီချင်းသီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်‌ရောက်လာသူများနှင့်အတူ  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clipဖြင့် ပြသမှုကို ကြည့်ရှုအား‌ပေးခဲ့ကြပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီးနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက (၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲနှင့်ဆောင်းပါးပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းသား၊ကျောင်းသူများက စေတနာပန်းတို့ လမ်းရာမြေ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများအား အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများနှင့် ဆုရစာစီစာကုံးများ၊ ပန်းချီများ ပြသထားမှုနှင့် လက်မှုပညာ ပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)