
(၁၀.၉.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ထူပါရုံကျောင်းဆောင်သစ်ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပညာရေး၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လ.ဝ.ကဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူများ နောင်လာမည့်အနာဂတ်အတွက် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်စေရန် စာကိုကြိုးကြိုးစားစား သင်ယူလိုကြောင်း အကျယ်တဝင့် ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁း၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)