မအူပင်မြို့ သော်တာလင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    (၁၄..၂၀၂) နေ့ နေ့လည် (၁၃၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် ရေလဲကလေးကျေးရွာရှိ သော်တာလင်းဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင် သော်တာလင်းဆန်စက် ပိုင်ရှင်နှင့် တွေ့ဆုံ၍ စပါးရောင်းဝယ်မှုအခြေအနေ ဆန်ဈေးကွက် အခြေအနေနှင့် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းအခြေအနေများကို လေ့လာစစ်ဆေး ပြီး လက်ရှိ ဆန်/စပါး ဈေးကွက်အခြေအနေအရ စပါးထွက်ရှိမှုအပေါ် ဝယ်ယူကြိတ်ခွဲမှု အခြေအနေများ၊ ရန်ကုန်သို့ တင်ပို့မှု အခြေအနေများ၊ ဆန်စက်/သိုလှောင်ရုံတွင် စပါး/ဆန် လက်ကျန်အခြေအနေများကို လစဉ် စာရင်းပြုစု ထားရှိရန်ကိုလည်းကောင်း၊ မှတ်ပုံတင်သက်တမ်းပြည့်မီပါက ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် အသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် စားသုံးသူများအားကာကွယ်ပေးရန်နှင့် ဘေးကင်းလုံခြုံ စိတ်ချမှုရှိစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)