အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးအမျိုးမျိုးအား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

        (၁၂..၂၀၂) ရက်နေ့ မနက်ပိုင်း (၁၀၀၀)နာရီ အချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆေးအမျိုးမျိုး အရောင်းဆိုင်(၅)နှင့် စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်(၅)တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့များပါဝင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ညောင်တုန်းမြို့နယ် စစ်ဆေးရေး တာဝန်ရှိသူ ဦးအောင်လွင် မြို့နယ်တာဝန်ခံက ဈေးကွက် အတွင်းစစ်ဆေးရာ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင် ထားရှိ သော ဆေးပစ္စည်း နှင့် ဆေးဝါး များကိုသာ ရောင်းချသော ဆေးအမျိုးမျိုးအား စစ်ဆေးခြင်း၊  တရားဝင်မှတ်ပုံတင်ထား ခြင်းမရှိသော ဆေးပစ္စည်းနှင့် ဆေးဝါးများတင်သွင်းရောင်းချနေမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ဈေးကွက်အတွင်းရှိ ဆေး ပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းအဆမတန်မြှင့် တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက် ဖြင့် သိုလှောင်ထားခြင်းတို့ မပြုကြရန်နှင့် ဈေးကွက် အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်း ပြတ်လပ်မှု မရှိစေ ရေးအတွက် ကြိုတင်စီမံဆောင် ရွက်ထားကြရန် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ကို ပြောကြားခဲ့ သည်။

         စားဆီအမျိုးမျိုးရောင်းချသော ဆိုင်များအား စစ်ဆေးရာ တရားမဝင်ပုဇွန်အမှတ်တံဆိပ်ပါ စားသုံး ဆီများ ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့နယ်တွင် ရောင်းချလျှက်ရှိသော အမှတ်တံဆိပ်ပါစားသုံးဆီများတွင် မြန်မာ နိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖေါ်ပြထား သည်ကို တွေ့ရှိရပြီး စီးပွားရေးနှင့် ကူးသန်း​ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို အများအား ဖြင့်လိုက်နာဆောင်ရွက်လျှက်ရှိ ကြောင်း တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)