သထုံမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Powered by Drupal

    ၁၆.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်က မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံတက်ရောက်ခဲ့သည်။

    အခမ်းအနားတွင် ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုး‌အောင်က  ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် "အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး" နှင့်အညီ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများနှင့် ကမ္ဘာ့ပူနွေးမှု မြင့်မားစေသည့် ဟိုက်ဒရို ဖလူရိုကာဗွန်(HFCs) အမျိုးအစား အအေးပေး ဒြပ်ပစ္စည်းများ သုံးစွဲမှုကိုလျှော့ချထိန်းချုပ်ရန်နှင့် နောင်လာမည့် နှစ်(၄၀)ကာလအတွင်း အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများ ကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေရေး ဆွေးနွေးအမှာစကား ပြောကြားပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)မှ ပေးပို့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားသည်။

    ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေး ဗွီဒီယိုရုပ်သံအား ပြသ‌ပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် သထုံခရိုင် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)