
၁၆.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ ဒု-ဦးစီးမှူး ဦးစည်သူတို့သည် မြေဩဇာဈေးနှုန်းများနှင့် ပတ်သက်၍ မှန်ကန်မှုရှိစေရေးအတွက် သထုံမြို့နယ်အတွင်း ရောင်းချလျက်ရှိသော မြေဩဇာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ယခုအပတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများမှာ ကွန်ပေါင်း မြန်မာဩဘာ(ရွှေကောမတ်) 15% 50kg တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ကွန်ပေါင်း မြန်မာ့ဩဘာ(ရွှေကောမတ်) 20%, 12%, 12% 50kg တစ်အိတ်လျှင် ၁၅၀၀၀၀၊ ကွန်ပေါင်း Thai (Grow How) 15% 50kg တစ်အိတ်လျှင် ၂၅၀၀၀၀ ကျပ်၊ ပုလဲ (အသေး) မြန်မာ (MPE) 46% 50kg တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်၊ ပုလဲ (အသေး) တရုတ် (ရွှေတောင်) 46% 50kg တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ ပုလဲ (အကြီး) Thai (မြင်းပျံ) 46% 50kg တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ပိုတက် အာမို 60% 50kg တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ပိုတက် မြန်မာ့ဩဘာ 60% 50kg တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ တီစူပါ တရုတ်(သံကွင်း) 46% 50kg တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ် ဖြစ်ပြီး ပိုးသတ်ဆေး ဈေးနှုန်းများမှာ ဖျူရာဒါန် ၃ ဂျီ မြန်မာ့ဩဘာ 1kg တစ်အိတ်လျှင် ၁၈၀၀၀ ကျပ်၊ ကာဘိုဖျူရန် ၅ ဂျီ မြန်မာ့ဩဘာ 1kg တစ်အိတ်လျှင် ၁၈၀၀၀ ကျပ်၊ အဆီဖိတ် မြန်မာ့ဩဘာ 500kg တစ်အိတ်လျှင် ၂၈၀၀၀ ကျပ်၊ မာလာမြိုင်ဆိုက်ပါ 10% 500cc တစ်အိတ်လျှင် ၆၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
DOCA (မွန်)