ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၁၆.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အခြားမိတ်ဖက်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ခြေ ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှု ရှိ/မရှိ တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

DOCA (မွန်)