ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီများရောင်းချပေး

Powered by Drupal

     ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားပြည်သူများအတွက် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

      ထိုသို့ စားသုံးဆီရောင်းချရာ၌ လူတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာနှုန်းဖြင့် ပိဿာချိန် (၂၅၀၀) ပိဿာအား တစ်ပိဿာလျှင် (၇၀၃၀)ကျပ်နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် စနစ်တကျရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)