သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၃.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်များ ထံသို့ Lwin Maung Maung ကုမ္ပဏီသို့ ယာဉ်အမှတ် 3N-6995၊ ယာဉ်မောင်း ဦးထိန်လင်း မော်တော်ယာဉ်ဖြင့် လက်လီကိုယ်စားလှယ် ဒေါ်မင်းမင်းနိုင်သို့ (၁၉) ပေပါ၊ ဦးခင်ဇော်သို့ (၁၈) ပေပါ ရောက်ရှိပြီး၊ Myat Ah Kan ကုမ္ပဏီသို့ ယာဉ်အမှတ် 1M-3255၊ ယာဉ်မောင်း ဦးထက်မြတ်နိုး မော်တော်ယာဉ်ဖြင့် လက်လီကိုယ်စားလှယ် ဒေါ်ညိုညိုချောသို့ (၂၁) ပေပါ ရောက်ရှိမှု အခြေအနေအား မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထို့သို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက အဆိုပါစားအုန်းဆီများကို သထုံမြို့နယ် အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း‌ရောင်းချရန်၊ လေးချိန်ပြည့်မစေရေး၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)