
၁၂.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ရတနာထွန်းပွဲရုံတန်း၌ ကြက်သွန်နီ စီးဝင်၊ စီးထွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မွန်ပြည်နယ်အတွင်းသို့ ကြက်သွန်နီနှင့် စားဖိုဆောင်သုံး သီးနှံများ ဝင်ရောက်မှုအခြေအနေနှင့် ပြည်နယ်အတွင်းမှ အခြားဒေသများသို့ ကြက်သွန်နီနှင့် စားဖိုဆောင်သုံးသီးနှံများ တရားမဝင်စီးထွက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)