ဟင်္သာတမြို့နယ် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့်ဆီအသင်းရုံးခန်း၌ တလုတ္ထော်တိုက်နယ်ရှိ ကျေးရွာ (၁၄)ရွာ အုပ်ချုပ်ရေးမှုးနှင့်ဆီထုတ်ယူသည့်လက်လီကုန်မျိုးစုံဆိုင်များအား ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့်စည်းကမ်းသတ်မှတ်ချက်များနှင့်ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

        တိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရား မဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင် ရွက်လျက်ရှိကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်စိုးက ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူး နိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက် ကြစေရေး ဆွေးနွေးခဲ့ပါသည်။

       ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော စားအုန်းဆီ အရောင်းဆိုင်လုပ်ငန်းရှင်များမှ  သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို နေ့လည်(၁၂:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

(DOCA ဧရာဝတီ)