
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်း ဓမ္ဘီတိုက်နယ်၊ ကင်မွန်းချောင်းကျေးရွာ ၊ ငါးဖယ်ထူကျေးရွာများရှိ ပြည်သူများအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပါတ်သက်၍ ဌာနအလိုက်ဆွေးနွေးမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူ တတ်စေ ရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှု များတွင် အာမခံချက် ပေးနိုင်ခြင်းများအကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်း၊ စားသုံး သူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက် ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)