“ ခရမ်းမြို့နယ်၌ဆေးမျိုးစုံအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော လူသုံးများဆေးဝါးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ရောင်းချဈေးနှုန်း မြှင့်တင် ရောင်းချမှုမရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ စစ်ဆေးရာတွင် ဆေးမျိုးစုံရောင်းချသော ပစ်တိုင်းထောင်ဆေးဆိုင်၊ ဇူလိုင်ဆေး ဆိုင်၊ ဦးမြဝိုင်း+ ဒေါ်တင်ရွှေဆေးဆိုင်များတွင် ရောင်းချနေသော လူသုံးများ၍ နာတာရှည်ရောဂါ သည်များ သောက်သုံးသည့် သွေးပေါင်ကျဆေး၊ နှလုံးဆေး၊ ဆီးချိုဆေး၊ ကျောက်ကပ်ဆေး၊ အာရုံ ကြောဆေး၊ အကိုက်အခဲပျောက်ဆေးများ ဆေးဝါးပြတ်လပ်မှုရှိ/မရှိနှင့် ဝယ်ယူသည့်ဈေးနှုန်းပေါ် တွင် ဆိုင်ခန်းခ၊ လုပ်သားခများပါဝင်ပြီး အမြတ်ရာခိုင်နှုန်းတင်၍ ရောင်းချနေမှု အခြေအနေများ အား စုံစမ်းစစ်ဆေးခဲ့ကြပြီး ဆေးဝါးများအား သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချပါက ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)