
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကန်စွန်းဥများကိုလည်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း တွေ့ရှိ ရပါသည်။
ကန်စွန်းဥကို ပြုတ်စားတာဖြစ်ဖြစ်၊ ကြော်စားတာြဖစ်ဖြစ်၊ မုန့်လုပ်စားတာဖြစ်ဖြစ် စားသုံးလိုရပြီး အလွန်ပင် စားကောင်းရုံသာမက ကျန်းမာရေးအတွက်လည်း အလွန်ပင်အထောက်အကူ ပြုသော သီးနှံတစ်မျိုးဖြစ်သည်။ ကန်စွန်းဥမှာ အဟာရဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံ အားကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန် စေခြင်းနှင့် ကိုယ်အလေးချိန်ကိုကျစေခြင်း စသည့်အကျိုးကျေးဇူးတွေရရှိနိုင်သည့်အတွက် ကန်စွန်း ဥကို စားသုံးသင့်ကြောင်း သိရပါသည်။ ယခုစက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ် တွင်ရောင်းချနေသာ ကန်စွန်းဥဈေးနှုန်းမှာ ကန်စွန်းဥအကြီးစားတစ်ပိဿာ လျှင် (၅၅၀၀)ကျပ်နှင့် အသေးစားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)