
(၁၆.၉.၂၀၂၅)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီး မှူး၊ ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ကလွင်ရပ်၊ ရှားတောဝလမ်းရှိ လုပ်ငန်းရှင်ဦးဖိုးချို၏ “စားဝါးမယ်” အာလူးကြော် ငါးမုန့်ကြော်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
“စားဝါးမယ်” အာလူးကြော်လုပ်ငန်းအနေဖြင့် တစ်ရက်လျှင်(၃၀)ပိဿာဝင် အာလူး(၅) အိတ်ခန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အားလူးကြော်အထုပ်သေး (၅၀)ဂရမ်တစ်ထုပ်လျှင် (၁၇၀၀)ကျပ်၊ အထုပ်ကြီးတစ်ထုပ်လျှင် (၃၄၀၀)ကျပ်၊ ငါးမုန့်ကြော် (၃၅)ဂရမ်တစ်ထုပ်လျှင် (၁၅၀၀)ကျပ်တို့ဖြင့် မြိတ်မြို့နယ် အတွင်းသာမက ဘုတ်ပြင်းနှင့် ထားဝယ်မြို့များအထိ တင်ပို့ ရောင်းချလျက်ရှိကြောင်းနှင့် အမျိုးသား ဝန်ထမ်းတစ်ဦးလျှင် တစ်ရက်(၁၀၀၀၀)ကျပ်၊ အမျိုးသမီး ဝန်ထမ်းတစ်ဦးလျှင်(၈၀၀၀-၉၀၀၀)ကျပ်နှုန်းတို့ဖြင့် အမျိုးသားဝန်ထမ်း(၂)ဦး၊ အမျိုးသမီးဝန်ထမ်း (၆)ဦးတို့ဖြင့် ဒေသနေပြည်သူများအလုပ်အကိုင်ရရှိရေးအတွက်ပါလုပ်ဆောင်လျက်ရှိကြောင်း သိရှိ ရပါသည်။
ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)