ကျိုက်မရောမြို့နယ်၌ ခရမ်းသီးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေတိုး

Powered by Drupal

   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာမှ ရာသီမရွေးစိုက်ပျိုးနိုင်သော ခရမ်းသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။ အဆိုပါ ခရမ်းသီးအစိမ်း ရောင်သီးများ စိုက်ပျိုးရာတွင် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဟူသော ဆောင်ပုဒ်နှင့်အညီ ခရမ်းပင်များကို မျိုးစေ့မှ ပျိုးပင်လေးများဖြစ်အောင် စတင်စိုက်ပျိုးပြီး ပျိုးပင်များကို တစ်ပင်နှင့်တစ်ပင်စီခြား၍ စိုက်ပျိုးရကြောင်း အပင်များရှင်သန်ကြီးထွားလာချိန် တွင် အရွက်များ ပိုးမကျစေရန် အထူးဂရုစိုက်၍ အပင်ရွက်ဖြန်းအားဆေးကျွေးပြီး ရေလောင်းရာ တွင်အချိန်ကုန်သက်သာစေရန် ဒလက်ပန်ကာရေပန်းများဖြင့် တစ်ရက်ခြားတစ်ခါ ရေပေးရပြီး အပင်များ အသီးများကြီးထွားစေရန်အတွက် သဘာဝမြေဩဇာများထည့်ပေးရကြောင်း သိရသည်။

   ယခုနှစ်တွင် ခရမ်းသီးဈေးများလည်း ယခင်နှစ်ကထက်ကောင်းသဖြင့် မိသားစုဝင်ငွေပို တိုးလျှက်ရှိကြောင်း ယခုနှစ်တွင် လယ်ကွက်များအတွင်း စပါးစိုက်ပျိုးချိန်ရာသီပြီးလျှင် ခရမ်း၊ ပဲတောင့်ရှည်နှင့် ပိန်းဥပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများပြားလာကြောင်း  အသီးအရွက်စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။

DOCA (မွန်)