
၁၈.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးသည် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးဆောင်ကျင်းပသော ခရိုင်စားသုံးသူရေးရာ ကော်မတီများနှင့်တွေ့ဆုံပွဲသို့ Zoom ဖြင့် တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ မော်လမြိုင်ခရိုင်မှ ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Zoom ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ခံများက စားသုံးသူရေးရာလှုပ်ရှားမှုဖြစ်ပေါ်လာပုံ၊ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ စားသုံးသူကာကွယ် ရေးဥပဒေပြဋ္ဌာန်းထားရှိမှု၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဖွဲ့စည်းထားရှိမှု၊ စားသုံးသူရေးရာကော်မတီများဖွဲ့စည်းထားရှိမှု၊ စားသုံးသူတိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)