
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မုန့်မျိုးစုံရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
အဆိုပါစစ်ဆေးမှုတွင် O Mar ကိတ်တွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ ဖော်ပြထားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင် အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ရောင်းချရန် နှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများကို အရောင်းချရန်တို့ကို မှာကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။
DOCA (ဧရာဝတီ)