ဒေးဒရဲမြို့နယ် လေးကုန်း အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

Powered by Drupal

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ လေးကုန်း ကျေးရွာရှိ အ.မ.က ကျောင်း၌ ကျောင်းသား/သူ(၇၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။

          ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွဲ့အမှာစကားပြောကြားခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဉပဒေများအကြောင်း၊ စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ ဓာတုဆိုဆေးများပါဝင်သော စားသောက်ကုန်များ နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော အစားအစာများကြောင့် စားသုံးသူထိခိုက်နစ်နာနိုင်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သောအစားအစာများကို ရွေးချယ်ဝယ်ယူစားသုံး ကြရန် အသိပညာပေးခဲ့ပါသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူထိခိုက်နစ်နာမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာ ပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)