ဘိုကလေးမြို့နယ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား ဘိုကလေး မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ စားအုန်းဆီဝယ်ယူရာတွင် အခက်ခဲမရှိစေရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုကြရန်နှင့် သတ်မှတ် ထားသောရည်ညွှန်းဈေးအတိုင်း ဆိုင်းဘုတ်တင်ချိတ်ဆွဲရောင်းချကြရန်၊ ကျေးရွာများ သို့ အိမ်ထောင်စုစာရင်းနှင့်ကိုက်ညီ၍ ဆီစာအုပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်(၅)ဦး ကော် မတီဖွဲ့၍ ဖြန့်ဝေပေးရန်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ လိုက်နာမှုမရှိပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)