မအူပင်မြို့နယ် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် (၁၄-၉-၂၀၂၅)ရက်နေ့ နေ့လည် ၃နာရီအချိန် တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ မအူပင်မြို့၊ ဖျာပုံသူ ဆီဆိုင်၊ ဝင်းသီရိဆန်ဆိုင်၊ မြတ်လေးငယ် ဆန် လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဆန်ဆိုင်များမှ ဆန်ဈေးနှုန်းဖော်ပြ၍ ရောင်းချမှုဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးသော ဈေးနှုန်းနှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက်ကျော်လွန် ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်း၊  ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်သော ဆန်ဆိုင်များအနေဖြင့်  မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးလုပ်ငန်းများ သက်တမ်း ၁နှစ်ပြည့်မြောက်ပါက ထပ်မံသက်တမ်း တိုးခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)