မအူပင်မြို့နယ် အ.ထ.က ၁ တွင် ကုန်အညွှန်းအမှတ်အသား သိကောင်းစရာအကြောင်း အသိပညာပေး ဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားသိကောင်းစရာ အသိပညာ ပေးဟောပြောပွဲကို မအူပင်မြို့နယ်၊ အ.ထ.က-၁ ကျောင်းတွင် ၁၄-၉-၂၀၂၅  နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

      ဟောပြောရာတွင် မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာများ၊  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲမှု နည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးမည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့ကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်၊ လိပ်စာ၊ လုပ်ငန်းအမည်လိပ်စာ၊ ထုတ်လုပ်သည့် နေရာ(သို့) ပြည်ပမှကုန်ပစ္စည်းတင်သွင်းပြီး ပြန်လည် ထုတ်ပိုးသည့်နေရာများ ထည့်သွင်းဖော်ပြရမည် ဖြစ်ကြောင်း၊ ကုန်စည်တွင် ပါဝင်သည့် ကုန်ကြမ်းပစ္စည်း အမည်၊ ပမာဏနှင့် ပါဝင်မှုအချိုးအစား၊ ဘေးထွက်ဆိုးကျိုးနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်ပြင်ဆင် သတိပေးချက်များ၊ သက်ဆိုင်ရာအစိုးရဌာန၏ ဖော်ပြရန်သတ်မှတ်ထားသည့် အချက်အလက်များ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး  တက်ရောက်သူ ကျောင်းသာ/ကျောင်းသူ ၁၂၅ဦး ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)