
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေး ရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး ဦးဆောင်၍ ဓနုဖြူမြို့နယ် အမှတ် ၅ရပ်ကွက်ရှိမာယ မုန့်ဟင်းခါးအနှစ်ထုတ် လုပ်ငန်းသို့ ၁၅-၉-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဦးခိုင်လွမ်းမိုးက မုန့်ဟင်းခါးအနှစ်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လေ့လာပြီး၊ ရောင်းချဖြန့်ဖြူးမှုအခြေအနေများ၊ ဈေးကွက်ဈေးနှုန်း အခြေအနေကိုမေးမြန်းဆောင်ရွက်ခြင်း၊၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ(၈)ချက်၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ(၁၁)ချက်၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန် လုပ်ငန်းရှင်အား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)