အသင့်စား ထုတ်ကုန်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးသည် ဈေးကွက်ရောက်ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လစဉ် ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများကို သက်တိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ကိုင်စစ်ဆေး လျက်ရှိသည်။ ဈေးကွက်ရောက် အသင့်စား ကုန်စည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ပါဝင်ခြင်း ရှိမရှိ ၁၄-၉-၂၀၂၅ ရက်နေ့ ၁၀နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရးဦးစီးဌာနတို့ပါဝင်သောအဖွဲ့သည် ကုန်မျိုးစုံအရောင်းဆိုင် (၁၂)ဆိုင်သို့ သွားရောက်၍ Ready Made အရန်သင့်အစားအစာနှင့် ထုတ်ကုန်များ ရောင်းချနေမှုများတွင် ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော အသင့်စားကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရန်ကိုလည်းကောင်း၊ စားသုံးသူများ ရသင့်ရထိုက်သော အခွင့်အရေး များရရှိစေရေး၊  စားသုံးသူများ၏ ကျန်းမာရေးတို့အတွက် အများပြည်သူသုံးစွဲသော ကုန်စည်များ အရည်အသွေးပြည့်ဝမှုရှိစေရန် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)