
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ခြင်းလုံးလုပ်ငန်း လုပ်ကိုင်သည့် မြို့သစ် (၄) လမ်းရှိ ဦးမြင့်စိုး၏ ခြင်းလုံးလုပ်ငန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ခြင်းလုံးသည် ကြိမ်ကို အဓိကထားပြုလုပ်ထားပြီး ကြိမ်လုံးကို အနောက်ရိုးမ၊ မကျီးဇင်၊ လှိုင်လယ်တို့မှ အဓိကထား ဝယ်ယူကြောင်း သိရှိရပါသည်။
ဝယ်ယူရရှိသော ကြိမ်များကို နေလှန်း၊ အမြစ်သပ်၊ နန်းဓါးဆွဲခြင်းတို့ဖြင့် သတ်မှတ်ထားသည့် ခြင်းလုံး (၁) လုံးရရှိသည့်အထိ အဆင့်ဆင့်ပြုလုပ်ရပါသည်။ ခြင်းတစ်လုံးကုန်ကျစရိတ်မှာ တစ်လုံး (၄၅၀၀) ကျပ်ရှိပြီး၊ ရန်ကုန်၊ မန္တလေးသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)