မိတ္ထီလာကန်ထွက် ပုဇွန်ဆိတ်ဈေးကွက်

Powered by Drupal

          မိတ္ထီလာမြို့၊ မြို့မဈေးကြီးတွင် ရောင်းချနေသည့် ပုဇွန်၊ပုဇွန်ဆိတ်တို့မှာ ဒေသထွက်များအပြင် ရန်ကုန်မှဝင်ရောက်မှုရှိကြောင်းသိရသည်။ ပုဇွန်မှာလူကြီးလူငယ်မရွေး အများအားဖြင့် ကြိုက်နှစ်သက်တဲ့အတွက် မိတ္ထီလာဈေးကွက်မှာတော့ ပုဇွန်ဆိတ်၊ ပုဇွန်ထုပ်တို့မှာအရောင်းအဝယ်သွက်လျက်ရှိပါသည်။ အရောင်းအဝယ်သွက်သောပုဇွန်ဆိတ်ကိုတော့ မိတ္ထီလာကန်အတွင်းမှလည်းကောင်း၊ ပုဇွန် ထုပ်ကိုတော့ရန်ကုန်မှလည်းကောင်း ဝင်ရောက်ကြောင်းသိရသည်။ မိတ္ထီလာကန်သည် မိတ္ထီလာမြို့၏ အထင်ကရပြယုဒ်တစ်ခုဖြစ်သည့်အတွက် အဝေးမှလာရောက်သောဧည့်သည်များ၊ မရောက်ဖူးသေးသူများအတွက် မိတ္ထီလာမြို့တွင် ရေကန်ရှိသည်ကိုရှေးခေတ်သမိုင်းကြောင်းများအရပင်သိရပေသည်။ ထိုသို့ထင်ရှားကျော်ကြားသည့် မိတ္ထီလာကန်မှာ မြို့၏ဂုဏ်ဆောင်ဖြစ်သကဲ့သို့ ဒေသနေပြည်သူများ အတွက်ရေထွက်ပစ္စည်းအစားအစာများဖြစ်သည့် ပုဇွန်ကိုလည်းဖမ်းယူရောင်းချနိုင်သည်ကို တွေ့ရသည်။ မိတ္ထီလာမြို့မဈေးကြီးအတွင်း ရောင်းချနေသောဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် ပုဇွန်ဆိတ်မှာ (၃၀၀၀/၃၅၀၀)ကျပ်ဈေးရှိပြီး ရန်ကုန်မှလာသော ပုဇွန်ထုပ်မှာ (၅၀၀၀)ကျပ်ရှိသည့်အတွက် ဈေးနှုန်းသက်သာစွာဖြင့် လတ်လတ်ဆက်ဆက်ဝယ်ယူနိုင်ကြောင်း စားသုံးသူများထံမှ သိရှိရပါသည်။

DOCA(မန္တေလေး)