
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်များ ရောင်းချလျက်ရှိရာ ကြက်တက် ရွက်ကို မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးလည်း ဖြစ်ပါသည်။ ရာသီစာ ကြက် တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုးသရေစာတစ်မျိုးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့် တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)