လှိုင်သာယာမြို့နယ်ရှိ စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   (၁၀.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၃၆၄/ဘီ)၊ တူးချောင်း ကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ ZTH စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ZTH စက်သုံးဆီဆိုင်မှ တာဝန်ခံ ဉီးစိုးမြတ်ဝင်းမှ ပူးပေါင်းပါဝင်လျက် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော ဈေးနှုန်းများအား စားသုံးသူပြည်သူများသိသာမြင်သာအောင် LED ဘုတ်ထောင်ထားကြောင်း တွေ့ရှိရပြီး စက်တင်ဘာလဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်း များမှာ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၉၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၀၁၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၁၇၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)