ရွှေဂန္ဓမာဖက်ရှင်အမ်စူဗင်နီးရားရှော့လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   (၉.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၄)ဉီးတို့သည် အမှတ်(D-3)၊ ဂန္ဓမာ(၆)လမ်း၊ (၄)ရပ်ကွက်၊ FMI City၊ လှိုင်သာယာမြို့နယ်ရှိ ရွှေဂန္ဒမာဖက်ရှင် အမ်စူဗင်နီးရားရှော့လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှလုပ်ငန်းရှင်ဖြစ်သူ ဒေါ်ဇင်မာဦးနှင့် တွေ့ဆုံကာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းဆွေးနွေးပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို Online မှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များကို မြေပြင် စစ်ဆေးချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ DOCA Application တွင်ထည့်၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)