
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီစိမ်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၉၄၇၆) ဧက စိုက်ပျိုးထားရှိပြီး (၄၆၄၁)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲတီစိမ်းကို စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း(၁၁)မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့(၅-၆)ပြည်ခန့် ကုန်ကျကြောင်း၊ပဲတီစိမ်းမျိုး ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုး ရပြီး(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်၊စုစုပေါင်း (၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၅)တင်းခန့် ထွက်ရှိကြောင်း ၊ ပဲတီစိမ်းစျေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် မြတ်ကြောင်း ၊ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည် ။ ပဲတီစိမ်းစိုက်ပျိုးခြင်းဖြင့် တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)