
မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၃၅၀ ကျပ်နှင့်၇၆၀၀ကျပ်၊S1 ဆီဆန် ၆၈၀၀ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆန် ၇၁၀၀ ကျပ်နှင့် ၇၂၀၀ကျပ်၊ တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၈၈၀၀ ကျပ်နှင့် ၉၃၀၀ ကျပ်၊ S1 ဆီဆန် ၈၃၀၀ ကျပ်၊S1 ရွေးဆန် ၈၅၀၀ကျပ်၊M တွဲလုံးဆန် ၈၅၀၀ ကျပ်၊အနီလုံးဆန် ၈၇၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊အနီလုံးဆန်(ရှမ်း) ၇၉၀၀ ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)