
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေရည်ရွယ်ချက်ပါ စားသုံးသူကာ ကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် အခြေခံပညာ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များ၊ တက္ကသိုလ်ကောလိပ်များ၊ ရပ်ကွက်/ ကျေးရွာများ စည်ပင်သာယာဈေးများတွင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အခါအား လျော်စွာအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊ အောင်မြေသာစံ မြို့နယ်၊ အ.ထ.က(၃၈)တွင် (၉-၉-၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်၌ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကို စားသုံးသူရေးရာဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်မေသက်ထွန်း က စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၂၀၀) ဦးခန့် တက် ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)