မန္တလေးမြို့၊အထက(၃၃)တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

        ပြည်သူများအား စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန်နှင့်စားသုံးသူကာကွယ်ရေး ဆိုင်ရာအကြောင်းအရာများပိုမိုသိရှိနိုင်စေရန်အတွက် အသိပညာ‌ပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ယဉ်ယဉ်ရွှေ၊ဦးစီးအရာရှိ နှင့်အဖွဲ့သည်  မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၃လမ်း၊ ၇၄လမ်းနှင့် ၇၅ လမ်းကြားရှိ အထက(၃၃)ကေျာင်း၌ ပညာသင်ကြားလျက်ရှိသောကျောင်းသား၊ ကျောင်းသူများ အား ၁၀.၉.၂၀၂၅ ရက်နေ့နံနက်(၁၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ တစ်ရပ်ကျင်းပခဲ့ပါသည်။ အဆိုပါကျောင်းတွင် စားသုံးသူများ၏အခွင့်အရေးနှင့် ပတ်သက်သည်များ၊ စားသုံးသူများ၏တာဝန်များ၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများဟောပြောခြင်း၊ ဌာန၏ Call Center 1535 လိုင်းခွဲအမှတ်(3)သို့ ခေါ်ဆို၍ တိုင်ကြားမှုသရုပ်ပြခြင်းနှင့် ကျောင်းမုန့်စျေးတန်းသို့ သွားရောက်၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်စားသောက်ကုန် များ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)