ရှောက်ချိုသီးဈေးကွက်

Powered by Drupal

     မန္တလေးမြို့တွင်းသို့ ကျောက်မဲနှင့်သီပေါနယ်များမှ ရှောက်ချိုသီးများယခု ဩဂုတ်လကုန်ပိုင်း မှစတင်ဝင်ရောက်လျက်ရှိပါသည်။ ရှောက်ချိုသီးသည် အမူးအမော်ပြေစေခြင်း၊ ရင်ကိုချောင်စေခြင်း တို့ကြောင့် လူလတ်ပိုင်းများနှင့်အသက်ကြီးသူများအသုံးမှုများပါသည်။ ရှောက်ချိုသီးများကို အလုံး လိုက်ခွဲ၍ အမွှာများစားသုံးခြင်းအပြင် အရည်ညစ်၍ သဘာဝအတိုင်းအရည်ကိုဖျော်၍ အေးအေး လေး   သောက်သုံးကြပါသည်။ ယခုလတ်တလော ရှောက်ချိုသီးဈေးနှုန်းဈေးကွက်အနေနှင့် အလုံး  ၇၀ ဝန်းကျင်ပါ ခြင်း (၁) ခြင်းလျှင် ၂၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် လက်ရွေး ၂၅လုံး ၁၅၀၀၀ ကျပ် ၊ လက်လီ ၁လုံးလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ် ဈေးနှုန်းများနှင့် ရောင်းဝယ်လျက်ရှိပါသည်။ မန္တလေးမြို့ တွင်းသို့ ယခုရက်ပိုင်းအတွင်း ရှောက်ချိုသီးများ ကျောက်မဲနှင့်သီပေါနယ်များမှ တစ်ရက် လျှင် ကား (၃) စီးမှ (၅) စီး ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)