
မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံ ရောင်းချ လျက်ရှိရာ ပုပ္ပါးမြို့မှထွက်ရှိသော မာလကာသီးများကိုလည်း မှာယူရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မာလကာသီး ၅၀ ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ အရွယ်အစားအနေဖြင့် အလုံးလတ်များကိုသာရောင်းချကြောင်း၊ ပုပ္ပါးမာလကာသီးမှာလတ်ဆတ်ပြီး အရည်အသွေး ကောင်း၍ချိုမြသောကြောင့် ကောင်း၍ ချိုမြသောကြောင့် စားသုံးမှုများပြားပြီး ဈေးကွက် တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဉ်ရောင်းချမှုအနေဖြင့် မာလကာသီး (၁၅-၂၅) ပိဿာခန့်ရောင်းချရကြောင်း မာလကာသီးရောင်းချသူ၏ပြောပြချက်အရ သိရှိရသည်။ မာလကာသီးသည် အသားမာသောအသာအသီးဖြစ်သောကြောင့် စားသုံးလျှင်ကြေညက်စွာ စားသုံးပါကအစာခြေစနစ်ကို အားကောင်းစေပြီး ဗီတာမင်စီကြွယ်ဝ၍ အရေပြားကိုနုပျိုစေကြောင်း၊ အမျှင်ဓာတ်များပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေသလို နှလုံးကျန်းမာရေးကို အထောက်အကူပြုသောကြောင့် မာလကာသီးကို တစ်နေ့တစ်လုံး စားသုံးသင့်ပါကြောင်း လေ့လာသိရှိရသည်။
DOCA(မန္တလေး)