၂၀၂၅-၂၀၂၆ခုနှစ်၊မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

      ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကြပြီး မိုးအစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးထားကြောင်း၊ မိုးအ စေ့ထုတ်ပြောင်းကို ဩဂုတ်လမှစ၍ စက်တင်ဘာလအထိစိုက်ပျိုးပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ လေးလကျော်ကြာမြင့်ကြောင်း  သိရှိရသည်။ ဓါးကျွန်းကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ဂေါင်းကွဲရွာ၊ ပတ္တာကျေးရွာ၊ အနိမ့်၊ တလုပ်ကျေးရွာနှင့် တောပုကျေးရွာစသည်တို့တွင် စိုက်ပျိုးထားကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု (၉၃၇) ဧကစိုက်ပျိုးထားကြောင်းမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပြီး၊ စိုက်ပျိုးရန်ကျန်ရှိသောဧကများကို စက်တင်ဘာလအတွင်း အပြီးစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ယခုစိုက်ပျိုးထားရှိသော မိုးအစေ့ထုတ် ပြောင်းများကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်သည် ယခင်နှစ်ထက်မိုးအစေ့ထုတ်ပြောင်း စိုက်ဧကများပိုမိုစိုက်ပျိုး ထားကြောင်း၊ မိုးရွာသွန်းမှုကောင်းမွန်ပါက အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် မိုးနည်းပါက မြေအောက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးရမည်ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့်  (၈၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ဆောင်းအစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၆၅၀၀) ကျပ်ပေါက် ဈေးများရှိကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်လျှင် ရန်ကုန်မြို့ဘုရင့်နောင်သို့ (၃၀၀)အိတ်ခန့် တင်ပို့ကြောင်း ကုန်သည်၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)