ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး၊ အရည်အသွေးမီဆေးဝါးများသုံးစွဲနိုင်ရေး အတွက် မြစ်ကြီးနားမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ၁၄.၉.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ သွင်းကုန်ထောက်ခံချက်(IR)ရရှိထားခြင်းမရှိသော Protein Beverage Vanilla Falavoured Powder with 2% fiber formula No Cholesterol, 400 g/cm ကို 2000g/ Multilayer Pouch ၏ IR Application No. ဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး  ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်ထောက်လှမ်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်စည်  သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပေးပြောကြားခဲ့ပါသည်။

DOCA(ကချင်)