ရွှေဘိုမြို့ MPT ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ MPT ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးအသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ပါအကြောင်းများ ရှင်လင်းဆွေးနွေးခြင်းနှင့် စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)