
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်) သည် (၁၂.၉.၂၀၂၅) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် နန်းမားမြို့၊ အ.မ.က ညောင်ကုန်းအခြေခံပညာမူလတန်း ကျောင်းသား/ သူများ အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ၊ စားသုံးသူ၏ တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထားသော အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ၏ အန္တရာယ်များအကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား 1535 Consumer Call Center လိုင်းခွဲ(1) သို့ ခေါ်ဆို တိုင်ကြားနိုင်သည့် နည်းလမ်းအား အသိပညာပေး ဟောပြောခဲ့ပါသည်။
DOCA(ကချင်)