စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း)အား  ချပြဆွေးနွေးခြင်း

Powered by Drupal

      ၉-၉-၂၀၂၅ ရက်နေ့၊ နေ့လယ်  (၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်အစိုးရမှ ပြည်ပကုန်သွယ်ရေးလုပ်ငန်း များအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့် သယ်ဆောင်ခွင့်ပြုထားသော စပါး၊ ဆန်၊ ဆန်ထွက်ပစ္စည်းများမှ အပ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း)အား ဆန်စပါးကုန်သည်အသင်း၊ ဆန်စက်အသင်း၊ ဆန်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ် ပိုင်ရှင်များ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်များအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အစည်းအဝေးတွင် ရှမ်းပြည်နယ်ဦးစီးမှူးမှ နိုင်ငံတော်အစိုးရမှ ပြည်ပကုန်သွယ်ရေးလုပ်ငန်း များအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့် သယ်ဆောင်ခွင့်ပြုထားသော စပါး၊ ဆန်၊ ဆန်ထွက်ပစ္စည်းများမှ အပ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း) ရေးဆွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များမှာ ရှမ်းပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန်၊ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရန်၊ သတင်းအချက်အလက်များရရှိနိုင်စေရန်၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်၊ မလိုလားအပ်သောဒေသ၊ အဖွဲ့အစည်းများထံသို့ စားနပ်ရိက္ခာများ ရောက်ရှိမှုမရှိစေရန်၊ ဒေသအတွင်းရှိ တောင်သူလယ်သမားများအကျိုးကို ကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက် မျှောစံနစ်ဖြင့် အသုံးပြု မည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        ဆက်လက်၍ တက်ရောက်လာသော ဆန်စပါးကုန်သည်အသင်း၊ ဆန်စက်အသင်း၊ ဆန်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ် ပိုင်ရှင်များ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်များမှ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံး လုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း)နှင့်ပတ်သက်၍ အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ(၁၄း၅၅)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ရှမ်း)