
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း မရှိသည့်အတွက် မန္တလေးမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
ဈေးနှုန်းများ အနေဖြင့်၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်ဥဈေးနှုန်း မြင့်တက် ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကြက်ဥအလုံးအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ် (၄၂၀၀-၄၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လ(ဒုတိယပတ်)တွင် ကျပ်(၄၀၀၀-၄၃၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ခန့် ဈေးတက်ကြောင်း သိရသည်။ မွေးမြူးရေးကြက်ခြံများ၌ ကြက်စာဈေးနှုန်းကြီးမားခြင်းနှင့် ရာသီဥတုပူ၍ ဥနှုန်းကျဆင်းလာသည့် အတွက်ကြောင့် ကြက်ဥဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)