မင်းဘူးမြို့နှင့်စကုမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ရောနှောဆီရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိနှင့် ဘူးသွပ်ဆီ များကိုသာရောင်းချခွင့်ရှိပြီး စားအုန်းဆီများကို ခွက်မှောက်ခွက်လှန်ရောင်းချခြင်း မရှိစေရေးတို့ အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မင်းဘူးခရိုင်ဆီကုန်သည်အသင်း ဥက္ကဌတို့နှင့်ပူးပေါင်း၍ မင်းဘူးမြို့နှင့် စကုမြို့ပေါ်ရှိ စားအုန်း ဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များ၌ ရော နှောဆီရောင်းချခြင်းမရှိသည့်အပြင် သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချမှုရှိကြောင်း စစ် ဆေးတွေ့ရှိရပြီး မင်းဘူးခရိုင်တာဝန်ခံမှ လုပ်ငန်းရှင်များအား ဘူးသွတ်ဆီများနှင့် ဒေသထွက်ပဲဆီ၊ နှမ်းဆီစသည်တို့ကိုသာ ရောင်းချခွင့်ရှိပြီး စားအုန်းဆီများကို ခွက်မှောက်ခွက်လှန် ရောင်းချခြင်းမရှိ စေရန်နှင့် စစ်ဆေးတွေ့ရှိပါက ချက်ချင်းဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်း ကစားခြင်း၊ ဈေးနှုန်းကြီးမြှင့်ရောင်းချခြင်း မပြုလုပ်ကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)