ဖျာပုံမြို့နယ်မှ မြိတ်မြို့သို့ MV-အောင်ရတနာသန်း ရေယာဉ်မှ ဧည့်မထဆန်/ ပေါ်ဆန်းဆန်တင်ပို့နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သည် ဆန်/စပါးအား အဓိကစိုက်ပျိုး ထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ ညနေ (၁၇:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် သလိပ် ကလေးကျေးရွာ ရွှေပြည်မိုးဆန်စက်ဆိပ်ကမ်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ ပြည်တွင်းရေကြောင်းဦးစီးဌာန၊ မြိုနယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်  မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့တို့ပူးပေါင်း၍ MV-အောင်ရတနာသန်း ရေယာဉ်တွင် ဧည့်မထ (၃၇၀၀)အိတ်၊ ပေါ်ဆန်း(၃၀၀)အိတ်တင်ဆောင်ထားရှိမှု၊ ရေယာဉ်ကြံ့ခိုင်မှုနှင့် လိုအပ် သည့် စစ်ဆေး မှုများဆောင်ရွက်ခြင်း၊ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်း များ သယ်ဆောင်ခြင်း မရှိစေရေးနှင့် တရားဉပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှု မရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)