ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ဖရဲသီးဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖရဲသီးအကြီး(၁)လုံးလျှင် (၈၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် တစ်စိတ်လျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်ပထမပတ် ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း ဖရဲသီး(၁)လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း သစ်သီးဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)