
မအူပင်မြို့နယ်တွင် ရောင်းချနေသော ကြက်သွန်ဖြူဈေး ကွက်တွင် ကြက်သွန်ဖြူများကို ဈေးကွက် အတွင်းသို့ နေ့စဉ်ပိဿာ ၅၀၀၀ ခန့်ဝင်ရောက်လာကြောင်း သိရ ပါတယ်။ ယခု တစ်ပတ် ကြက်သွန်ဖြူ(ဟောင်း) လက်လီတစ်ပိဿာဈေးနှုန်းမှာ (ဗမာ)ကျပ် ၁၀၀၀၀၊ ၉၀၀၀-၈၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ လက်ကားဈေး ၁ပိဿာလျှင် ၉၀၀၀-၇၀၀၀ ကျပ်ဖြင့် လည်းကောင်း ကြက်သွန်ဖြူဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)(၅၀) ကျပ်သားလျှင် (၇၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဈေးနှုန်း ဖြင့်လည်းကောင်း ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာ လျှင်(၂၂၀၀)ကျပ်နှင့် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရှိရပါ သည်။
DOCA(ဧရာဝတီ)