ကြက်သွန်နီ ဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

    မအူပင်မြို့နယ် စားဖိုဆောင်သီးနှံရောင်းဝယ်ရေး ကုန်စုံဆိုင်များတွင် စက်တင်ဘာလ ပထမပါတ်မှာ ကြက်သွန်နီဈေးနှုန်း ဆက်လက်ကျဆင်းလာတာတွေ့ရပါတယ်။ မိုးကြက်သွန်နီ အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများလာကာ နေ့စဉ် ပိဿာ ၁၅၀၀-၂၅၀၀ ကျော်အဝင်ရှိပြီး ဈေးဆက်လက်ကျဆင်းသွားကြောင်း သိရှိရသည်။ ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းမှာ  လက်ကားတစ် ပိဿာ(ကြီး)ကျပ်၁၈၀၀၊ (လတ်)ကျပ် ၁၅၀၀၊ (သေး) ကျပ် ၁၂၀၀-၁၀၀၀ နှုန်းရှိပြီး လက်လီ ဈေးနှုန်းတစ်ပိဿာ(ကြီး) ကျပ် ၂၀၀၀၊ (လတ်)ကျပ်၁၈၀၀၊ (သေး)ကျပ် ၁၂၀၀-၁၅၀၀နှုန်း ဖြစ်ပြီး ယခင်လ ဈေးမှာတစ်ပိဿာ(ကြီး)ကျပ် ၂၅၀၀၊(လတ်) ကျပ် ၂၀၀၀၊(သေး)ကျပ် ၁၇၀၀၊ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်းကျပ် ၅၀၀ ဝန်းကျင်ကျဆင်းသွားကြောင်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)