
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၉.၂၀၂၅) ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့် သောက်ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။
ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မြို့နယ်တာဝန်ခံမှ ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချ နေသော ဦးကုလားကြီး၊ ဦးဝင်းထွန်းနိုင်နှင့် ဒေါ်စန္ဒာဝင်းတို့၏ဆိုင်များတွင် Sunday, Premier, Super, Platinum, Happy စသည့်အသင့်သောက်ကော်ဖီထုပ်များအား စားသုံးပြည်သူများအပေါ် ဈေးနှုန်းမြင့် တင်ရောင်းချခြင်း မပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား အသိပေးစစ်ဆေး ခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ဧရာဝတီ)