ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မျှစ်ခြောက် ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ရောင်းချမကုန်သည်များကို ဟင်းရှားပါးသည့် အရာသီများ အတွက် အခြောက်လှမ်းထားပြီး ယခုလို ဩဂုတ်လ စတုတ္ထပတ်လောက်တွင် ပေါ်ဦးပေါ်ဖျား မျှစ်ခြောက် ကို စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ပထမပတ်တွင် မျှစ်ခြောက်ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် မျှစ်ခြောက်ဈေးနှုန်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်းသိရသည်။

DOCA (စစ်ကိုင်း)