ကျွန်းလှမြို့တွင် ရောင်းချနေသော မန်ကျည်းသီးမှည့် ဈေးနှုန်း

Powered by Drupal

      ကျွန်းလှမြို့ရှိ ပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ မိမိတို့ယာမြေများတွင် သစ်သီးဝလံ ပန်းမန်များအပြင် အရိပ်ရအပင်များဖြစ်သည့် မန်ကျည်းပင်များ စိုက်ပျိုးထားပြီး မန်ကျည်းသီးအမှည့်များကို ဈေးကွက်အတွင်းသို့  ရောင်းချလျက် ရှိကြောင်းသိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀)ကျပ် နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ) တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် မန်ကျည်းသီးမှည့်ဈေးနှုန်း အနည်းငယ် ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA (စစ်ကိုင်း)