မျှင် ပုဇွန်ခြောက် ဈေးနှုန်း ဈေးကွက်အခြေအနေများ

Powered by Drupal

    မအူပင်မြို့နယ် အခွန်လွတ််ဈေးအတွင်း မျှင်ပုဇွန်ခြောက်အသေးများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ မျှင် ပုဇွန်ခြောက်များသည် ဖျာပုံမြို့နယ် ဘက်မှ ထွက်ရှိသော ကုန်စည်များဖြစ်သည်။ ပုဇွန်ခြောက် အသေးများသည် ယခုကာလ ၂၀၂၅ ၊ စက်တင်ဘာလများတွင် ဈေးနှုန်း အသင့်အတင့်ဖြင့်သာ ရောင်းချရသည်။

    ရောင်းချနေသော မျှင်ပုဇွန်ခြောက် ဈေးနှုန်းများမှ  နိုးဆီ ၁ဗူးလျင် ၁၅၀၀ကျပ်၊ ၂၀၀၀ကျပ်၊ ၂၅၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မိုးအေးသော ကာလဖြစ်၍ ဈေးကြီးမြင့်ခြင်း မရှိဟု ရောင်းချသူထံမှ သိရသည်။ ယခင်ဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ၅၀၀ကျပ် ကျဆင်းလျက်ရှိသည်ဟု သိရပါသည်။

DOCA(ဧရာဝတီ)